Myanmar Song Lover
  • Home
  • နည်းပညာ စာအုပ်များ
  • Gmail နဲ့ Gtalk ဆိုင်ရာ
  • အသုံးဝင်မဲ့ဆော့ဝဲများ
  • ကဗျာများ
  • ဟာသများ
  • အင်တာနက်သီချင်းများ
  • မြန်မာသံသီချင်းများ
  • Pop သီချင်းများ 1
  • Pop သီချင်းများ 2
  • Pop သီချင်းများ 3
  • Pop သီချင်းများ 4
  • Hip Hop သီချင်းများ
  • လေးဖြူ
  • အငဲ
  • မျိုးကြီး
  • ၀ိုင်းဝိုင်း
  • ဇော်ပိုင်
  • အာဇာနည်
  • Big Bag
  • ဂျောတ်ဂျတ်
  • စိုင်းစိုင်းခမ်းလှိုင်
  • ရဲလေး
  • English Songs

အဖြေ

1/27/2011

2 Comments

 
     အဖြေ
ပန်းကလေးတစ်ပွင့်
ပန်မှာလား  ပန်သွားပါ
ခြွေမှာလား ခြွေသွားပါ
မပန်ရင်လဲခြွေသွားပါ
မခြွေရင်လဲပန်သွားပါ
     ထွန်းအောင်နိုင်

2 Comments
 

ဆော်ရီးပဲညီမလေး

1/27/2011

2 Comments

 
ဆောရီးပဲ ညီမလေး ...
ကိုယ် ဘာမှမတတ်နိုင်ဘူး။


မင်းအမေ နေမကောင်းတာ
မင်းမောင်လေး ညီမလေးတွေ ကျောင်းစားရိတ်လိုနေတာ
မင်းကိုယ်တိုင်အတွက် ရောင်းပန်းလှဖို့၊ ဈေးကွက်ဝင်ဖို့
ပါတိတ်၊ သရီးစတပ်၊ မီနီစကပ်၊ နှုတ်ခမ်းနီ ပါးနီ၊ အော်ဒီကလုံး
ကိုယ်မတတ်နိုင်ဘူးကွဲ့
မင်းတို့က မပဋာဆိုရင် ကိုယ်လည်းပဲ မောင်ဒါသပါကွယ်။


ဆောရီးပဲ ညီမလေးရေ ...
မင်းရဲ့ ဘုရားပေး လယ်တပွဲ
နှမ်းပဲစိုက်စိုက်၊ ဘူးပဲပျိုးပျိုး
နွေစပါး၊ မိုးစပါးနဲ့ သီးထပ်သီးညှပ်
မပြတ်တမ်းစိုက်လည်း
ကိုယ့်မှာ ဓာတ်မြေသြဇာဖိုးမရှိ
ဟိုကောင်တွေဆီမှာတော့ အာသာငမ်းငမ်း အကြည့်တွေ
ရှိချင်ရှိလိမ့်မယ်
ဒါကိုတော့ မင်းလည်းသိတယ်၊ ကိုယ်လည်းအသိပဲ။



ဆောရီးပဲ ညီမလေးရေ ...
မင်းဟာ နှုတ်မစောင့်သော လိပ်မလေး ဆိုပါတော့
ယုတ်မာရိုင်းစိုင်းတဲ့ နွားကျောင်းသားတချို့
မင်းအတွက် မီးဖိုနေကြပြီ

အားပျော့ပျော့ မင်းလက်ကလေးတွေ
နွမ်းဖတ်ဖျော့တော့ မင်းနှုတ်ခမ်းလေးတွေ
ချွေးစီးကြောင်းလေးနဲ့ အနားသတ်ထားရှာတဲ့
မင်းရဲ့ ပါးကွက်ပါးလေး
အဲဒါလေးကလည်း သစ္စာတပါးပဲပေါ့

မင်းလိုအပ်နေတဲ့ ထမင်းတနပ်အတွက်
မဲမှောင်နေတဲ့ မင်းရဲ့ မနက်ဖြန်လေးတွေကို
ဈေးကွက်တင်ချေဦး ညီမလေး။


မင်းအပြုံးလေးတွေကို သူတို့မှတ်တမ်းတင်လိမ့်မယ်
တခဏတာအတွက် အသပြာရှိပေမယ့်
အရှက်သိက္ခာ တရွေးသားမျှမရှိရှာတဲ့ လူ့ငနွားတွေ
ရေနစ်နေတဲ့ ကောက်ရိုးလေး မင်းကို
နိုကီရာ၊ ဆိုနီအဲရစ်ဆင်၊ ပင်နာဆိုးနစ်တို့နဲ့
ဝါးကူထိုးလိမ့်မယ် စိတ်ချ။


ဒီကောင်တွေမှာ ဘုရားရှိချင်ရှိမယ်
တရားတော့ ရှိမှာမဟုတ်ဖူး၊
ဒီကောင်တွေမှာ ကားရှိရင်ရှိမယ်
မေတ္တာထားဖို့ တွေးခေါ်တတ်မယ်မထင်ဖူး၊
ဒီကောင်တွေဟာ နွားတွေ။


ဟုတ်တယ် နွားတွေကွဲ့
မင်းသိချင်မှ သိမယ်။
ဟိုစာမျက်နှာမှာ၊ ဒီစာမျက်နှာမှာ
(ဟေ့ ... ဟေး.... ဟောဒီမှာ မြန်မာဟေ့ ...)

အဲဒီလို မစားရ ဝခမန်း ကြွေးကြော်
လျှပ်ပေါ်လော်လီခဲ့တဲ့ သူတို့စာရိတ္ထတွေကို ထုတ်ကြွားကြတယ်။


ဆောရီးပဲ ညီမလေး ...
ကိုယ်လည်း ရင်နာရပါတယ်
မင်းတို့ဘဝလေးတွေအတွက်ရော
သူများဆီမှာ ကျွန်ခံ
ကိုယ့်အိမ်တောင် ကိုယ်မပြန်နိုင်သေးတဲ့ ကိုယ့်ဘဝအတွက်ရောပေါ့။



အရင်အချိန်တွေတုန်းက ကိုယ်တို့ပြောခဲ့တယ် (တဘက်နိုင်ငံတွေကိုပေါ့)
( .. ) နိုင်ငံ ဆိုပြီးတော့လေ ...။


ခုများ ကြည့်စမ်း ... မင်းတို့လေးတွေလေ ...
မဲဆောက်မှာ၊ မယ်ဆိုင်မှာ၊ ဘီကေကေမှာ၊ ကြယ်ဂေါင်ရွှေလီမှာ
သတင်းတွေမှာ ဖတ်ရ၊ သတင်းတွေမှာ ကြားရတော့
အပိုမပြောဘူး ညီမလေးတို့
ကိုယ် မျက်ရည်ဝဲတယ်။

ကိုယ့်ပြည်ကိုယ့်ရွာက ကိုကိုတွေကတောင်
မင်းတို့ကို ဘိုင်စကုပ်ထဲ ထည့်သေးတာပဲ ...

အင်း ... ... ... ... ... ...


ဖဦးထုပ်တွေ၊ နငယ်တွေ၊ ဘကုန်းတွေ
ကိုယ့်ကို ဝိုင်းပြောကြ
အချင်းချင်း လက်တို့ကြ

ဟေ့ ... အဲဒါ ဘီရုမာ ဟေ့ ...။ ဘီရုမာ ချယ်နယ်ဟေ့ ...။


တောက်! ဘယ်လောက် အသည်းနာဖို့ကောင်းလဲ
မိုးကျရွှေကိုယ်၊ တိုလီမိုလီ၊ အချစ်ဇာတ်လမ်း၊ ပေါသွပ်၊
ဒီကောင်တွေကို ဘယ်သူတွေက လင်ခ့်ပေးလိုက်တာလဲ
မင်းတို့အထင်ကြီးတဲ့ ရွှေကိုကိုတွေပေါ့။


(ဟေ့ ... ဘီရုမာ ဘယ်ဈေးလဲ) အဲဒီလိုများ အမေးခံရရင်လေ
အသားတဆတ်ဆတ်တုန် ဒေါသပုန်ထရတယ်
လူသတ်ချင်လာတယ်။


မင်း အထင်ကြီးတဲ့ ကိုကိုတွေလည်း
ဗမာကားဟေ့ ... ဆိုတာနဲ့
လျှာတသပ်သပ်၊ ပါးစပ်တပြင်ပြင်
သွားရည် ငေါက်တောက်ကျ
ဘာကိုမှ မလုပ်ချင် မကိုင်ချင်
ဖန်သားပြင်ရှေ့ အခန့်သားထိုင်
ဇာတိပုညဂုဏ်မာနဟေ့ ... ဆိုပြီး
ဝံသာနုရက္ခိတတရား လက်ကိုင်ထားချင်ကြတယ်။

မင်းတို့လေးတွေကို
နှုတ်ခမ်းတလန် ပန်းတလန် လက်ညှိုးငေါက်ငေါက်ထိုး
အပြစ်ပြောတဲ့ မောင်မောင်တွေ
သူတို့ကရော ဘယ်လောက်များ သန့်စင်ကြလို့တုန်း


ဟေ့ ဒီမှာ ... ကိုယ်ပြောမယ် ညီမလေး
ဈေးကွက်ဝယ်လိုအားကြောင့် ရောင်းကုန်ဆိုတာ ရှိနေတာ
သူတို့တွေ တောင်းဆိုနေတာ
သူတို့တွေ လောကအလှကို ဖျက်ဆီးနေတာ
မင်းတယောက်ထဲကြောင့်တော့ မဟုတ်ဘူး
မင်းကို အင်တာနက်ပေါ်ပို့လိမ့်မယ်

သူတို့မို့ အရှက်မရှိ (ဘယ်ရှိပါ့မလဲ)
သူတို့မျက်နှာလေးများကျတော့ ပေါ်မှာကြောက်တတ်လိုက်တာ
ဟိုတယ်တွေမှာ ကလပ်တွေမှာ နောက်ဆုံး ဖိုရမ်စာမျက်နှာတွေပေါ်မှာ
ခပ်ကြွားကြွား ပြောကြလိမ့်မယ်။


ဆောရီးပဲ ညီမလေးရေ ...
မင်းရဲ့ လက်ကလေးတွေကို ပုခက်မလွှဲခင်
မာဆတ်က ကိုယ်ရွှေကိုယ်မျိုးတွေကို ပျော်တော်ဆက်ချေဦး
သတိတော့ထားကွဲ့
ဒီခေတ်က နည်းပညာခေတ်ကြီး
ကင်မရာတွေ အနီးအဝေး
ဈေးကြီးပေး ဝယ်ကိုင်လို့ရပြီ။


ဆောရီးပဲ ညီမလေးရေ ...
ရွှေအိုရောင်ညနေခင်းတွေမှာ မင်းဘဝကို ရောင်းဈေးတင်ပေါ့
မင်းကြောက်တဲ့ မနက်ဖြန်အတွက်
ဟိုတယ်တခုခုမှာ ကျွဲရိုင်းအချိုရည်
တခါသုံးဆပ်ပြာ၊ ငွေခြည်ရောင် ရေခဲသေတ္တာ
ညလယ်စာ မှာစားရင်း ဖြတ်ကျော်ဦးပေါ့။



အထည်ချုပ်တွေ ပိတ်တာ ...
ကုန်ဈေးနှုန်းကြီးတာ ...
ငွေနှစ်သောင်းအတွက် တိုက်ပွဲဝင်တာ ...
အရပ်ထဲမယ် ကိုယ်လေး ခေါင်းလေးတောင် လွတ်လွတ်ကျွတ်ကျွတ် မလှုပ်ဝံ့တာ ...
အားလုံးဟာ စက်ဝိုင်းတခုပါပဲကွယ်

မင်းအပြစ်တွေချည်းပဲ မဟုတ်ပါဘူး ညီမလေးရယ်။



မင်းတို့လည်း မင်းတို့ နိုင်တဲ့ဝန် ထမ်းနေရတာ
အချိန်တန်ရင်တော့ သိုးမည်းအုပ်ကြီးထဲက ပြန်ထွက်ခဲ့ပါ ညီမလေးတို့ရယ်။
မင်းတို့ ကိုယ်စီ ဒုလ္လဘတခုစီရှိတယ်

မင်းတို့ဟာ ငှက်ကလေးတွေပေမယ့် မင်းတို့မှာ ဝမ်းရေးရှိတယ်

မင်းတို့မှာ အနာဂတ်ကိုယ်စီရှိတယ်

မင်းတို့မှာ ဘဝသစ်တွေ ရှိနေမယ်

နောက်ပြီးတော့ မင်းတို့ဟာ ...
မင်းတို့ဟာ မြန်မာမလေးတွေဖြစ်တယ်။



ဆောရီးပါ ညီမလေးရယ် ...
ကိုယ်ဘာမှ မတတ်နိုင်ဘူး
မင်းတို့ခရီးမှာ ထီးမိုးမပေးနိုင်ဘူး
လှော်တက်တချောင်းနဲ့ ဝင်မကူပေးနိုင်ဘူး
ကိုယ်တတ်နိုင်တာ တခုပဲ
တခုထဲပါပဲ ညီမလေးတို့ရယ် ...။


မင်းတို့လေးတွေ မော်တော်ကားလေးပေါ်ပါသွားတဲ့အခိုက်
ကိုယ့်မျက်နှာ မင်းတို့မမြင်အောင် ငုံ့
ကိုယ့်နှုတ်ခမ်းကို နာနာဖိကိုက်
ဘယ်သူမှ မကြားအောင် ဆုတောင်းပေးခဲ့ဖူးပါတယ်။


ဆောရီးပါ ညီမလေးတို့ရေ ...။ ။


မားဆိုး
2 Comments
 

ခိုနားရာ

1/25/2011

2 Comments

 
  ခိုနားရာ


ယှဉ်နှိုင်းမဲ့ ရင်ခွင်

ပူလောင်ပြင်းတဲ့ ဂိမာန်နွေဝယ်

ခြောက်သွေ့နွမ်းနယ် ကိုယ့်ရင်ခွင်ကို

စမ်းရေအေးနှယ် ကြည်သာချိုအေး

ပြုံးပန်းလေးနှင့် လန်းစေနိုင်သူ........

စွတ်စိုစိမ့်အေး ၀သန်မိုးဝယ်

ပြင်းထန်သည်းလှ မိုးစက်အောက်မှ

ကိုယ့်ခန္ဓာကို ထီးသဖွယ်သို့

လုံခြုံအုပ်မိုး ကာကွယ်နိုင်သူ........

မြူနှင်းလွှမ်းခြုံ ချမ်းအေးလွန်းသည့်

ဟေမာန်ဆောင်းဝယ်

တုန်ရီချမ်းလှ ကိုယ့်ဘ၀ကို

နေခြည်နွေးနှယ် ကြင်နာပိုက်ထွေး

နွေးထွေးနိုင်သူ……..

ယှဉ်နှိုင်းမဲ့သည့် မင်းရင်ခွင်တွင်

တစ်သက်တာ ထာဝရ

ခိုနားပါရစေ ချစ်သူ…..
                                                           စိုးသူမင်း (အထင်ကရ)
2 Comments
 

လွမ်းတဲ့အကြောင်း

1/25/2011

6 Comments

 
လွမ်းတဲ့အကြောင်း

   လွမ်းလိုက်တာဆိုတဲ့စကားကို 
 
      လွမ်းတဲ့အချိန်တိုင်းမှာ

     လွမ်းတယ်လို့ပြောခွင့်မရှိပေမဲ့

     လွမ်းနေတဲ့ရင်ထဲမှာ

     လွမ်းတဲ့အကြောင်းတွေကို

     လွမ်းနေတဲံဟောဒီရင်ထဲကအရှိအတိုင်း

     လွမ်းရတဲ့ချစ်သူလေးကို

     လွမ်းတဲ့အချိန်းတိုင်းမှာပြောခွင့်ရှိရင်သိပ်ကောင်းမှာပဲ

     လွမ်းနေပေမဲ့

     လွမ်းနေတာကို

     လွမ်းမှန်းမသိအောင်နေနေရတဲ့ဟောဒီက

     လွမ်းနေတဲ့ကောင်မလေးကိုသတိမှရရဲ့လား

     လွမ်းရတဲ့ချစ်သူရယ်

     လွမ်းတော့

    လွမ်းပါရဲ့ဒါပေမဲံ

    လွမ်းရတဲ့ချစ်သူလေးကဘယ်ရောက်လို့ဘယ်ပေါက်မှန်းမသိ

    လွမ်းနေတဲ့ဒီကောင်မလေးအဖြစ်ကိုစာနာပါဦးလား

အလွမ်းတွေသာပန်းပွင့်ပြီး

    လွမ်းပင်ကြီးဖြစ်လာမယ်ဆိုရင်

    လွမ်းနေတဲ့ကောင်မလေးတော့ထောပြီသိလား

    လွမ်းလွန်းလို့ပါ

    လွမ်းရတဲံကောင်လေးရယ်

    လွမ်းတဲ့ကောင်မလေးကိုအပြစ်မယူပါနဲ့နော်  ဟောဒီက

    လွမ်းတဲ့ကောင်မလေးကအိပ်ရင်တောင်

    လွမ်းအိပ်မက်လေးတွေမက်တာ

    လွမ်းအိပ်မက်ထဲမှာလေ

   လွမ်းနေတဲ့ဟောဒီကကောင်မလေးရယ်

   လွမ်းရတဲ့ကောင်လေးရယ်

   လွမ်းကမ္ဘာကြီးထဲက

   လွမ်းအိမ်လေးတွေထဲမှာတစ်ယောက်နဲ့တစ်ယောက်

   လွမ်းနေကြတယ်တဲ့အဲဒီတော့

   လွမ်းရတဲ့ကောင်လေးရေ

   လွမ်းနေတဲ့ဒီကောင်မလေးကိုရော

   လွမ်းမှလွမ်းရဲ့လား

   လွမ်းမယ်လို့မထင်ပါဘူး

   လွမ်းရတဲ့ကောင်လေးရယ် သူက   

   လွမ်းတယ်ဆိုတာဘာမှန်းမှမသိတာ မဟုတ်လား

   လွမ်းရတဲ့ကောင်လေးရေ

   လွမ်းတဲံ့အချိန်တိုင်း

   လွမ်းလွန်းလို့ဆုတောင်းမိတာက

   လွမ်းရတဲ့ကောင်လေးသာ

   လွမ်းနေတဲ့ဟောဒီကကောင်မလေးကို

   လွမ်းတဲ့အချိန်တိုင်းသာ ထပ်တူထပ်မျှ

   လွမ်းမယ်ဆိုရင်

   လွမ်းကမ္ဘာကြီးထဲမှာ

   လွမ်းနေရပေမဲ့လည်း

   လွမ်းပျော်ပါတယ်

   လွမ်းရတဲ့ကောင်လေးရယ်။ထပ်တူထပ်မျှ

   လွမ်းပါနော်

   လွမ်းရတဲ့ကောင်လေးကိုသိစေချင်လို့ပြောပြချင်တယ်

   လွမ်းရတဲ့ကောင်မလေးအဖြစ်ကလေ

   လွမ်းရတဲ့

   လွမ်းကမ္ဘာကြီးထဲမှာကမ်းမမြင်လမ်းမမြင်

   လွမ်းနေရတဲ့

   လွမ်းမျက်ကန်းလေးတစ်ယောက်လိုပဲစမ်းတ၀ါးဝါးနဲ့

   လွမ်းရိပ်မြူခိုးတွေပဲမြင်ရတယ်။ဘယ်အချိန်မှာ

အလွမ်းတွေဖယ်ရှားပေးမဲ့နေမင်းကြီးထွက်မှာလဲ

   လွမ်းလွန်းလို့ပါဖြေပေးပါနော်

   လွမ်းရတဲ့ကောင်လေးရယ်

   လွမ်းတဲ့နေ့တုင်းသာငွေ့ရည်ဖွဲ့ပြီး

   လွမ်းမိုးတွေသည်းကြီးမဲကြီးရွာမယ်ဆိုရင်

   လွမ်းနေတဲ့ဟောဒီ

အလွမ်းမြို့လေးထဲမှာ

    လွမ်းရေတွေကြီးကုန်မှာသိလား

    လွမ်းရတဲ့ကောင်လေးရဲ့။အခုလေ

    လွမ်းနေတဲ့ကောင်မလေးမှာ

    လွမ်းရမှာကိုကြောက်လွန်းလို့

အလွမ်းပုံပြင်၊

အလွမ်းဝတ္ထု၊

အလွမ်းဇာတ်လမ်းတွေတောင်မကြည့်ရဲဘူး

အလွမ်းဒဏ်ကိုမခံစားနိုင်တော့လို့ပါ

    လွမ်းရတဲ့ကောင်လေးရယ်

    လွမ်းနေတဲ့ကောင်မလေးရဲ့

    လွမ်းရတဲ့ရင်ထဲမှာလေ

    လွမ်းတဲ့အချိန်တိုင်းမှာ

    လွမ်းမျက်ရည်တွေကျဆင်းလာပြီး

    လွမ်းရေစီးကြောင်းလေးဖြစ်ကာအခု

    လွမ်းးစမ်းချောင်းလေးဖြစ်နေပြီသိလား

                                                     T.R.P (phue phue)

                                    to be continue............................
6 Comments
 

Powered by Create your own unique website with customizable templates.