ဖတ်ခဲ့ဖူးသောဟာသများ(၁)
ဧည့်သည်လာပြီ
ကိုချူချာ သူ့မိန်းမကို ဆူနေသည်။
"မင်း အတော် အသုံးမကျတဲ့ မိန်းမပါလားကွဟေ၊ တုံးလိုက်တာမှ တကယ့်သစ်တုံးလိုပဲ"
ထိုသို့ပြောပြီး စားပွဲကို ' ဒေါက်   ဒေါက်  ဒေါက်' မည်အောင် ခေါက်သည်။ မိန်းမ ချက်ချင်းနေရာမှ ထပြီးပြောသည်။
"တံခါးခေါက်သံ ကြားတယ်၊ ကျွန်မ သွားဖွင့်လိုက်မယ်"
"ထိုင်နေစမ်း၊ ငါသွားဖွင့်မယ်"

အချိုမကြိုက်ဘူး
ရုရှားမိတ်ဆွေထံ ကိုချူချာ အလည်ရောက်လာသည်။
ရုရှားက သူ့ကို လက်ဖက်ရည် ဖျော်တိုက်ရန် ပြင်သည်။ မတိုက်ခင် မေးသည်။
"ကိုချူချာ၊ သကြား ဘယ်နှဇွန်း ထည့်ရမလဲ"
"အဇွန်း-၂၀၊ ဒါပေမဲ့ မမွှေလိုက်နဲ့နော်၊ ကျွန်တော်အချိုမကြိုက်ဘူး"


မေ့တတ်တဲ့ ကိုချူချာ
ဟိုကြည့် ဒီကြည့်နှင့် ကိုချူချာ လမ်းလျှောက်လာသည်။ မျက်နှာချင်းဆိုင်မှ လျှောက်လာသော ရုရှားက မေးသည်။
"ဟေ့ ချူချာ၊ ဘာရှာနေတာလဲကွ"
"ထီးပျောက်လို့ ရှာနေတာ"
"ဟာ၊ ထီးက မင်းရဲ့ ချိုင်းကြားမှာ ညှပ်ထားတာ မဟုတ်လား"
"ကျေးဇူးပဲ၊ ခင်ဗျားနဲ့သာ မတွေ့ဖြစ်ရင် ကျွန်တော် ထီးမပါဘဲ အိမ်ကိုပြန်ရမှာဗျ"

လဲမယ့်သူ မရှိလို့ပါ
ကိုချူချာ စီးလာသောရထား မော်စကိုဘူတာသို့ ဆိုက်ရောက်လာသည်။ လာကြိုသော ရုရှားမိတ်ဆွေက ကိုချူချာ၏ မျက်နှာပေါ်က ညိုမည်းနေသော ဒဏ်ရာဒဏ်ချက်များကိုကြည့်ပြီးပြောသည်။
"ဟေ့လူ၊ ခင်ဗျား မျက်နှာတစ်ခုလုံး မြင်မကောင်းရှုမကောင်းပါလား"
"အပေါ်အိပ်စင်ကနေ အိပ်လိုက်လာတာ တစ်ညလုံးခဏခဏ ပြုတ်ကျတာနဲ့ပဲ အခုလို ဖြစ်တာပါပဲဗျာ"
"အောက်အိပ်စင်က လူတစ်ယောက်ယောက်နဲ့ နေရာချင်း လဲလိုက်ရောပေါ့ဗျာ"
"လဲမလို့ဘဲ၊ ဒါပေမဲ့ အောက်အိပ်စင်မှာ ဘယ်သူမှ မရှိဘူး"

--
Ngeေ၇းသားသူ မစံပယ်
 
ရန်ကုန်မှာအလုပ်လုပ်နေတဲ့ ကိုလုံး တစ်ယောက်.. သူ့ချစ်သူ တောင်ပေါ်သူ ချင်းမလေးဆီက စာကိုရတော့
ဝမ်းသားအားရ ဖြစ်ပြီး စာဖောက်ဖတ်တာပေါ့ ။ စာထဲမှာပါတဲ့ စာလုံးပေါင်းသတ်ပုံအမှားတွေ ၊
စကားဝဲတဲ့ လေသံအတိုင်းရေးထားတဲ့ စာကိုဖတ်မိပြီး စိတ်ညစ်ညစ်နဲ့ ရယ်ရမလို၊ ငိုရမလိုဖြစ်သွားလေရဲ့ ။ နောက်ဆုံး ကိုလုံးလည်း အမြင်ကတ်ကတ်နဲ့ သူ့ရည်းစားရဲ့စာကိုပဲ ပြင်သင့်တာပြင်ပြီး ပြန်စာအဖြစ် အောက်ကအတိုင်း ပြန်ထည့်ပေးလိုက်တော့တယ် ။

ကိုယ်လုံး ... (စတာနဲ့ မှားပြီ.. ယပက်လက်သတ်က မလိုဘဲလျှာရှည်ပြီးထည့်တယ်)

ကိုယ်လုံးမရှိထဲက မီး အလွမ်းဂျီး လွမ်းခဲ့ရပါတယ် (နင်က ခေါင်းပြတ်နေလို့လား) ။ ကိုယ်လုံး ဖာခေါင်းကို ဂျားညှပ်ပြီး (ဖာကို ခေါင်းကြားညှပ်တာ..) မျိုသွားပြီ ဆိုတာ သိတော့ (မြို့သွားတာပါဟာ..ငါလဲ ဘာအကောင်ကြီး ဖြစ်မှန်းမသိ) မီးလေ ဆိတ်ဆင်းရဲပြီး ဆားမရ အိမ်မရ ဖြစ်နေတာ (ဆိတ်တွေရော၊ ဆားတွေရော၊ အိမ်တွေရော.. ရှုပ်နေတာပဲ) ။ မီးအရင်လိုခြစ်နေတုန်းပါပဲ (ဂတ်စ်လည်း အတော်ကုန်လောက်ပြီ) ။ ကိုယ်လုံးလဲ မီးမရှိရင် မနေတတ်တာ သိတယ် (အဲဒါကြောင့်မီးမပြတ်တဲ့ နိုင်ငံခြားတောင်သွားမလားလို့) ။ မီးကို အရင်လိုပဲ ဆွဲလန်နေတုန်းပဲလားဟင် (အမ်!) ။ မီးလည်း တနေ့နဲ့တနေ့ မြက်ရေနဲ့မြက်ခွက်ပါပဲ။

ဒါနဲ့ စဂါးမစပ် ပြီးခဲ့တဲ့လက ဘုရားပွဲလုပ်တယ်လေ။ အားပါး..အရမ်း ဆီကားပဲ (ဆီတွေဒီမှာဈေးတက်နေလို့ ပို့လိုက်စမ်းပါ) ။ ကိုယ်လုံးမပါဘဲ မီးသွားကြည့်တာ မပျော်ဘူး ဒကယ်.. (နင်က ခေါင်း ချည်းပဲ သွားကြည့်တာကိုး ) ။ မီးမကြည့်ဘူးဒဲ့ စတိတ်ရှိုးဆိုလား ဘာဆိုလား လာပြတယ်ကော..။ မီးက ရှိုးဆို ဖဲရိုက်တာပဲ သိတာကိုး.. (ဒါတော့သိတယ်..ဟွန်း) ။ ကျားပေါက်တွေ ဆင်ပေါက်တွေ ဆိုတော့ မီးက တလိပ်ဆန်တွေ မြက်လှည့်ပြတာ ထင်တာပေါ့လေ့.. (မြက်လှည့်ပြတာတော့ ငါတောင်တတ်တယ်) ။ ဟိုရောက်တော် ကျားပေါက်ဆိုတာ.. လား လား လူကောင်ကြီး ဖြစ်နေတာပေါဝေ့.. အဲဒီအကောင်ဟာလဲ အော်လိုက်ဒါ အတံက ပြဲသကိုး တော်ရေ့ ( အသံ..အသံ!! အထင်လွဲစရာတွေဖြစ်တော့မယ်) ။ တို့ရွာက သုတ်ကြီးဆိုရင် (တုတ်ကြီးလုပ်ပါဟာ.) မျိုကြီးဆိုတဲ့ အဆို့တော်ကိုအားကြလို့ အော်တာ အတံဝင်လို့တဲ့...တ အ..အား အော်နေတာလေ (အော်..အတံဝင်လို့ အ အ လို့အော်နေတယ်..ငါနော်! ) ။

နောက်ပြီး မီးကို နမချင်းမစာနာ (နင်ကိုယ်တိုင်လည်း နွားမဖြစ်တော့မယ်) အတေပိုးခဲ့တဲ့ ဖိုးဇန်ကို သိတယ်ဟုတ်..။ မီး ဘကြီးအောင်းနေတဲ့ (ဘကြီးအောင်..ဘကြီးအောင်..တစ်မျိုးလုံး တိရိစ္ဆာန်ဇာတ်သွင်းနေသလားမှတ်တယ်) ယက်ကွက်က တာဇန်လေ။ (သာစံပါဟာ..သူကြည့်ဖူးတဲ့ ဗီဒီယိုကားတွေပါလာပြန်ပြီ) ဒင်းက ခု မိန်းမရလို့ ရှေ့အင်္ဂါဆို သူ့မိန်းမ ကလေးမွေးမယ်တော်ရေ့ .. နံမယ်ပေး ကင်ပွန်းချဉ်ဟင်းချက် လုပ်မလို့ ကျံနေပီလေ (ကင်ပွန်းတပ်တာ..သူ့အလှည့်မှ ကင်ပွန်းချဉ်ဟင်းချက်တယ်လို့ပဲ) ။ စနေမောင်မောင်တို့ ၊ နိုင်နိုင်းစနေတို့ ၊ ဖိုးသောကြာတို့ကို အားကျလို့တဲ့အေ... သားလေး မြွေရင် နံမယ်မှာ နေ့နံပါအောင် ဖိုအင်္ဂါ လို့ပေးမတဲ့ ။
(ဖိုးအင်္ဂါလုပ်ပါဟ ။ ခုမှ ၀တ်စနှစ်လုံးပေါက်က ကျန်ခဲ့ရသလား ။ တကတဲ. ဟိုကောင်ကလည်း သမီးမွေးရင် မအင်္ဂါ လုပ်မလားမသိဘူး..နာမည်ကို အပေါက်ရှာရှာ..အဲလေ ပေါက်ပေါက်ရှာရှာ ပေးတယ်) ။ မီးတို့လည်း အဲလို ဘယ်ဒေါ့ အတူတူနေရမလဲမသိဘူးနော်... ။

ုကိုယ်ရယ်..မီး အရန်လွမ်းတာပဲ (လွမ်းတာပဲ အရန်တွေ line-up တွေ လွမ်းချင်သေးတယ်) ။ မီးလည်း မျိုလိုက်ချင်ပေမယ့် (မျိုသာချလိုက်တော့) ..ဆီးပွားရေက အဆင်မပြေဘူးလေး..။ မီးလည်း ချီးစားနေရတော့ (အေးပါ စားစား) အကြွေးတွေလည်း အလီလီ (တန်းပြင်ပေးလိုက်တယ်) ပဲ ။ မျိုသူတွေနဲ့ တွေ့ပီး တောင်းပေါ်က ခြင်မကို မေ့မတွားပါနဲ့ (တောင်ပေါ်က ချင်းမကိုမမေ့ဘူးဟေ့..တသက်လုံး) ။ ကိုယ်လုံး ပျံလာပါနော် (တောင်ပံပေါက်တဲ့နေ့ထိစောင့်ပေတော့) ။
မီးဆောင့်နေမယ်.. မီး ဆောင့်ပြီးရင်း ဆောင့်နေမှာပါ (အေး..တိုင်နဲ့ခေါင်းနဲ့သာ သေအောင်ဆောင့်ပေတော့)။
မီးစာ ရှည်သွားပီမို့ တော်သေပီ (မီးစာကုန်ပြီး မီးသေမှပဲ)

ခြစ်တဲ့မီး (မီးခြစ်ပေါ့)

*စပလင်မှားရင်ခွင်လွှတ်ပါ*
(စာလုံးပေါင်းသာမတတ်တယ် ဘိုလိုမှုတ်ချင်သေးတယ်။ နောက်ဆို စပလင်တင်မကဘူး.. ငရုပ်ကောင်းတွေပါ ပါလာနိုင်တယ်) :'(
                                               ရေးသားသူ ထွန်းအောင်နိုင် မေးလ်ထဲမှာသူငယ်ချင်းတစ်ယောက်ပို့ ပေးတာတွေ့ 
                                                    လို့ တစ်ဆင့်ပြန်လည်ဖော်ပြပေးတာပါ

    ပေးပို့ စေချင်ပါတယ်

    ဟာသများပေးပို့ ချင်ရင်
    myanmarsonglover@gmail
    ကိုပေးပို့ နိုင်ပါတယ်

    Archives

    January 2011

    Categories

    All

    RSS Feed