Gmail ဖျတ်နည်း.......

    *(၁) Google Account ကိုဝင်ပြီး settings ကို နှိပ်လိုက်ပါ .
    * (၂) Setting ထဲက Accounts and Import ကိုရွေးလိုက်ပါ .
    * (၃) အောက်ဆုံးက စာလုံးအပြာရောင်နဲ့ရေးထားတဲ့ Google Account settings ကိုနှိပ်လိုက်ပါ .
    * (၄) My products နဘေးက Edit ကို နှိပ်လိုက်ပါ ။ (ဓါတ်ပုံအောက်တည့်တည့်တွင်ရှိ)
    * (၅) Delete a Product အောက်က Remove Gmail permanently ဆိုတာကို ရွေးလိုက်ပါ .
    * ကဲ အခု ယခင် gmail အကောင့် ပျက်သွားပါပြီ . စမ်းကြည့်လိုက်ပါဦး .
အဲလိုဖြတ်လို့ ရပါတယ်

Gmail တွင်ပို့ ပြီးသား mail ကိုဖျက်ချင်သူတွေအတွက်

Google သုတေသန Lab မှ G-Mail အသုံးပြုသူများ၎င်းတို့ ပို့ထားသည့် Mail များကို
ပြန်ဖျက် ပစ်နိုင်သည့် Feature တခုကို ထည့်သွင်းပေးလိုက်ကြောင်း သိရှိရသည်။
Undo Send ဟုအမည် ပေးထားသော အဆိုပါ Featureကြောင့် အမှားပါသော Mail
များကို ပြန်ဖျက်ပစ်နိုင်မည့် အခွင့်အရေး ရလာမည်ဟု Google ကဆိုသည်။
မူလက G-Mail ပို့ပြီးနောက် ထို Mail များကို ပေးပို့သူများ အနေနှင့် ပြန်မဖျက်ပစ်
နိုင်ချေ။ယခု Feature အရ Mailပို့ပြီး (၅)စက္ကန့်မျှ အတောအတွင်း Undo ဖြင့်
ဖျက်ပစ်နိုင်သလို နောက်ပိုင်း အချိန်ကြာမှ ဖျက်ပစ် လိုပါကလည်း Sent Mail
ထဲရှိ မိမိပို့ထားသော Mailကို Undo ပြုလုပ်ခြင်းဖြင့် ဖယ်ရှား နိုင်မည်ဖြစ်သည်။
ထို Feature ကို အသုံးပြု လိုပါကG-Mail Account ထဲရှိ Setting တွင် Undo Send
ဆိုသော နေရာလေးအား Enable ကလစ်လုပ်ပါ...။
Setting > Labs > Undo Send > Enable > Save Changes ဆိုရင် ရပါပြီ

Gtalk အလိုလျောက် ပြန်လည်ဖြေကြားသည့်စနစ်

သူငယ်ချင်းတို့ရေ.........
Gtalk အတွက် Auto Answering System လုပ်လို့ရပါပြီ။ Service မှာ Beta ဖြစ်သည်။
Gtalk အပြင် MSN, ICQ, AIM, YAHOO, My Space အစရှိတဲ့ Instant Messenger တွေအတွက်ပါပြုလုပ်နိုင်ပါတယ်။
လုပ်ပုံအဆင့်ဆင့်ကဒီလိုပါ...
1. အရင်ဆုံး ဒီ Link ကိုသွားလိုက်ပါ။
(ဒီ link ,, http://answer.im/setup ကို သွားပါ။)
2. ထို Website သို့ရောက်ရှိပါက အသုံးပြုလိုသော IM Service တစ်ခုကိုရွေးရန်ဖြစ်ပါသည်။
Gtalk တွင်ပြုလုပ်လိုပါက Gtalk ကိုရွေးရန်ဖြစ်ပါသည်။
3. Gtalk Password နှင့် User Name ကိုသုံး၍ဝင်ရန်ဖြစ်သည်။ (Note: @gmail.com @googlemail.com ထည့်ရမည်။)
4. ကိုလိုချင်တဲ့ Online Status နှင့် Reply လုပ်စေချင်တဲ့ Message တို့ကိုရိုက်ရမည်။ ထို့နောက် Authorise people ကို အမှန်ခြစ်ပေးပါ။ အားလုံးပြီးပါက Save Changes ကို Click လုပ်ပါ။
5. "Changes Saved. Your Answer Machine is setup. You May Exit Now." ဟုပေါ်လာပါက
General, Messages, Notifications, Contacts, တို့၏ဘေးတွင်ရှိသော "EXIT" ကို Click လုပ်ပါ။
အားလုံးပြီးသွားပါပြီ။ ကို့သူငယ်ချင်းတေခေါ်ပြီဆိုတာနဲ့ သူက auto reply လုပ်ပေးပါလိမ့်မယ်။
ကိုမရှိတဲ့အချိန်မှာ ပြောထားသမျှကို ပြန်ကြည့်ချင်တယ်ဆိုရင်တော့
"Click here to return to the home page" ဆိုတဲ့ စာမှ "here" ကို Click လုပ်ပါ။
ပြီးရင် အဆင့် ၃ အတိုင်းပြန်လုပ်ပါ။ ပေါ်လာတဲ့ Page မှ "Messages" ကို Click လုပ်ပါ။
ဒါဆိုရပါပြီ။ စမ်းကြည့်ကြပါအုံး။

Online Gtalk

Gtalk အရေးတကြီး အသုံးပြုချင်တဲ့ သူတွေအတွက်တော့ run စရာမလိုတဲ့ အွန်လိုင်း gtalk ရှိပါတယ်။ ဒီလင့် (http://talkgadget.google.com/talkgadget/popout) ကနေ အသုံးပြုနိုင်ပါတယ်။ Install လုပ်ထားတဲ့ Gtalk လိုတော့ ဖိုင်ပို့တာတို့ ၊ မိုက်ကရိုဖုန်းနဲ့စကားပြောတာတို့တော့လုပ်လို့မရပါဘူး။ ဒါပေမဲ့ Group Chat တော့ လုပ်လို့ရတော့ မိုက်တယ်လို့ ပြောလို့ရတယ်။

Mozilla Firefox ကနေ Gtalk ချက်ကြမယ်

mozilla ကိုဖွင့် Alt+ T ကို နှိပ် (Tools)
အဲဒီအောက်က..Add-on ကိုဖွင့် get Add-on ဆိုတဲ့ tab အောက်က search box မှာ gtalk လို့ရိုက်ထဲ့..ရှာလို့တွေ့လာရင် ..select ပေးလိုက် …အဲဒီမှာ Add to Firfox ဆိုတဲ့ ခလုပ်လေးကိုနှိပ်..ကွန်နက်ရှင်ရတာနဲ့ သူ့ဘာသာအင်စတော ဖြစ်သွားမယ်ပြီးရင် mozilla ကို ရီစတပ်ချ ..ပြန်တက်လာရင် ..view ထဲမှာ Slidebar ကိုဖွင့် ..အဲဒီထဲမှာ Alt+G နဲ့ ပြနေတာတွေ့ရလိမ့်မယ်..click လုပ်လိုက်ပြီး Sign in ၀င်လိုက်တာနဲ့ ပြောလို့ရပြီ